အားလုံးပဲ မင်္ဂလာပါ။ Cherry ဖြစ်ပါတယ်ရှင့်~
ဒီနေ့ပြောပြမှာကတော့ ကိုရီးယားလို ရာသီဥတုအလိုက် အပူချိန်ကွာခြားမှု မြင့်မားတဲ့နိုင်ငံမှာ skincare၊ အလှအပနဲ့ပတ်သက်ပြီးတော့လည်း အထူးဂရုစိုက်စရာလေးတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ beauty standards မြင့်တဲ့အတွက်ကြောင့် အရင်က optional လို့ထင်ခဲ့တဲ့ nail extensions, eyelash extensions, etc. အဲ့ဒါတွေက ကိုရီးယားရောက်လာတော့မှ basic beauty standards လိုဖြစ်သွားတယ်ကွယ်။ ဘာလို့လဲဆို ဘယ်သူ့ကိုကြည့်ကြည့် လက်သည်းလုပ်ထားတယ်၊ မျက်တောင်လုပ်ထားတယ် စသဖြင့်ပေါ့နော် သတ်လတ်ပိုင်း လူတွေဆိုရင် aesthetic clinic (피부과) တွေသွားကြနဲ့ အစုံပါပဲ။
ကဲ ထားပါ။ အခုမိတ်ဆက်ပေးချင်တာကတော့ K-beauty and cosmetics အကြောင်းပေါ့နော်။ Korean cosmetics တွေကတော့ သိကြတဲ့အတိုင်း formula ကောင်းမွန်ပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ ထုတ်လေ့ရှိပါတယ်။ မဝယ်ခင်မှာတော့ ကိုယ့်ရဲ့ skin type ကဘာလဲဆိုတာ သေချာဆန်းစစ်ကြည့်
ပြီးမှ product ရှာဝယ်ပေါ့နော်။
Offline shopping အကြောင်းအရင်ပြောပါမယ်။ ကိုရီးယား ရောက်လာပြီဆိုရင် အထူးသဖြင့် ကျောင်းသား/ကျောင်းသူတွေအတွက်က K-cosmetics ကဈေးအတန်ဆုံးပါ။ Quality ကောင်းပြီး ကိုယ်ကလည်း Korea မှာနေတာဆိုတော့ local ဈေးနဲ့ရတာမို့လို့ အရမ်းတန်တာပါ။ ပစ္စည်းကောင်းလဲရ၊ ဈေးလဲသက်သာမို့လို့ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ရထားတာ အားလုံးလည်းသိမှာပါ။ ကဲ K-cosmetics ကို ဘာလေးတွေကောင်းလဲ၊ ဘာလေးတွေ trending ဖြစ်နေလဲ၊ ကိုယ်နဲ့ဆို ဘာကသင့်တော်မလဲ ဆိုတာတွေအတွက် ranking တွေတောင် သတ်မှတ်ပေးထားပါသေးတယ်။ ဒီအပတ် Top #1 product ကတော့ဘယ်ဟာ၊ ဘယ် brand ကတော့ ဘာလေးကောင်းတာ၊ ဘာလေးကတော့ ဘယ်အသားအရည်အတွက်ကောင်းတာမို့ picked item ဆိုတာမျိုးလေးတွေ ရှိတဲ့အတွက် ကိုယ်က အပင်ပန်းခံ research လုပ်နေစရာတောင် မလိုပါဘူးနော်။ (Skincare, makeup အကြောင်း ထဲထဲဝင်ဝင် စိတ်ဝင်စားသူတွေကတော့ လေ့လာပြီးတော့မှ ဝယ်ကြတာတွေလည်း ရှိပါတယ်။) နောက်တစ်ခုကတော့ ကိုရီးယားက cosmetic ဆိုင်တွေက ကိုယ်ဝယ်ရင် ဝယ်သလောက် sample လက်ဆောင်လေးတွေ အများကြီးပေးပြီးတော့ product/brand marketing ဆင်းကြပါတယ်။ ဥပမာ ကိုယ်က abib ဝယ်လာတာပဲ ပေးလိုက်တဲ့ sample တွေထဲက Anua လေးကလည်း ကောင်းနေတော့ နောက်တစ်ခေါက်ကျ Anua လေးပါ ဝယ်ဖြစ်သွားတာမျိုးပေါ့။ အဲ့ဒီဆိုင်တွေထဲမှာမှ နာမည်အကြီးဆုံးကတော့ အားလုံးသိကြတဲ့ Olive Young ပါ။ သူ့ဆီမှာ item တွေ rank အလိုက် တင်ထားပေးသလို၊ trending ဖြစ်နေတာတွေလည်း တင်ထားပေးတဲ့အပြင် Olive Young picks ဆိုတဲ့ recommended item လေးတွေလည်းရှိတယ်ပေါ့နော်၊ promotion/event ဆိုရင်လည်း 1+1 item တွေ၊ set discount (기획세트) တွေ၊ ဘယ်နေ့မှ ဘယ်နေ့အထိ % များများချတဲ့ item တွေ စသဖြင့် ဝယ်ချင်စရာကောင်းလောက်အောင် အမြဲဈေးချပြီး ရောင်းနေတာပါ။ တချို့ branch တွေဆို ဆံပင်လုပ်တဲ့စက်တွေပါ ရောင်းပါတယ်။ ဆိုင်ခွဲက လမ်းထိပ်ကစတိုးဆိုင်လိုပဲ နေရာတကာမှာကိုရှိနေတော့ အရမ်း convenient ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Aritaum ပေါ့နော်။ အဲ့မှာလည်းပဲ brand လေးတွေစုံပြီး ရွေးချယ်စရာများပါတယ်။ Sale ခဏခဏ ချတတ်ပြီး Tangle Teezer လိုမျိုး တခြားဆိုင်မှာ မရှိတဲ့ brand မျိုးလည်း တင်ရောင်းတတ်ပါသေးတယ်။ နောက်တစ်ခုကတော့ Hongdae/Myeongdong လိုမျိုး shopping area က brand counter တွေပါ။ ကောင်းတာကတော့ sale အရမ်းများပါတယ်။ မကောင်းတဲ့အချက်ကတော့ local တွေတောင်မသုံးတဲ့ (Olive Young မှာတောင်မတင်တဲ့) quality မရှိတဲ့ brand အသေးလေးတွေက အရေအတွက်များများပေးပြီး တန်တယ်ထင်ရလောက်အောင် သိန်းဂဏန်းကပ်တဲ့ဈေးနဲ့ အစုလိုက်ထိုးရောင်းတာပါ။ မြင်သာအောင်ပြောရရင် mask အချပ် ၁၀၀ ကို ၈၀၀၀၀ နဲ့ရောင်းတာမျိုးပေါ့နော်။ တစ်ချပ် ၈၀၀ ဆိုတော့ တန်ပြီလေ ဝယ်ကြတာပေါ့။ ဒါပေမယ့် local မှာ ဘယ်သူမှမသုံးတဲ့ mask တွေကို အချပ် ၁၀၀ ဖိုးရောင်းလိုက်ရတော့ ပစ္စည်းလည်းအမြန်ကုန်၊ ပိုက်ဆံလည်းရတာပေါ့။ ဒါလေးကတော့ ဂျင်းမမိစေဖို့ပါ။
Online ကနေဝယ်ရင်တော့ Olive Young website/app ကနေ ဝယ်လို့ရပြီးတော့၊ Coupang ကနေလည်း တချို့ brand တွေ ရံဖန်ရံခါ မှာလို့ရတတ်ပါတယ်။ နောက်ပြီးတော့ Hwahae ဆိုတဲ့ website လေးမှာလည်း ranking အလိုက်ရောင်းတာတွေရှိပါတယ်နော်။
တချို့သူတွေအတွက်ကျတော့ သုံးလက်စ product တွေပဲသုံးချင်တာ၊ စွဲသုံးနေလို့၊ သုံးလက်စ brand ပဲကြိုက်လို့၊ အဲ့ဒါနဲ့ပဲတည့်လို့ ဆိုတဲ့သူလေးတွေလည်း ရှိကြမှာပါ။ အဲ့အတွက် စိတ်မပူပါနဲ့နော်။ Chicor ရှိပါတယ်။ Online/Offline နှစ်မျိုးလုံးရပြီးတော့ Kiehl’s, Origins, etc. လိုမျိုး နိုင်ငံခြား brand တွေကို တင်သွင်းပေးပါတယ်။ ဒီပစ္စည်းလေးတွေပဲ ကြိုက်တယ်ဆိုတဲ့သူတွေအတွက်ကတော့ Chicor က လက်စွဲဖြစ်မှာပါ။ အားနည်းချက်ကတော့ Korea cosmetics market မှာ Olive Young ကိုယှဉ်နိုင်တဲ့ လုပ်ငန်းမရှိဆိုသလို Chicor ဆိုင်ခွဲတွေဟာလည်း မများလှပါဘူး။ လူသွားများတဲ့ Hongdae, Gangnam, Myeongdong လိုနေရာတွေမှာတော့ တွေ့ရတတ်ပါတယ်ရှင်။ (မနှစ်က ၅လပိုင်းအထိ Sephora ရှိခဲ့ပေမယ့် local cosmetics market ကိုမဖောက်နိုင်ခဲ့တဲ့အတွက် Sephora ဟာ မနှစ်ကပဲ ကိုရီးယားကနေ ထွက်သွားခဲ့ပါပြီ။)
ကဲ သည့်နောက်မှာတော့ Dior, Chanel, La’Mer လိုမျိုး luxury cosmetics မှကြိုက်တဲ့သူလေးတွေအတွက်ကတော့ အားလုံးနီးပါ အလွယ်တကူ ရှာဝယ်နိုင်ပါတယ်နော်။ ဘယ်မှာရမလဲဆိုတော့ 백화점 (department store) ပထမထပ်တွေမှာ brand counter တွေကို အလွယ်တကူ ရှာနိုင်ပါတယ်ရှင်။ Lotte department store, Hyundai department store, Shinsegae department store တွေမှာ ရှာနိုင်သလို၊ Lotte World Mall, IFC Mall, The Hyundai Seoul လို mall အကြီးတွေမှာလည်း ရှာနိုင်ပါတယ်ရှင်။ Long-term နေတဲ့သူတွေအတွက်ကတော့ စိတ်မကောင်းစရာက duty-free မရတာပါပဲရှင်:( Luxury brand counter တွေဆိုရင်လည်း ကိုယ်တစ်ခုခုဝယ်ရင် sample လေးတွေအမြဲ လက်ဆောင်ပေးပါတယ်နော်။ Dior ဆိုရင် sample လေးတွေကအစ ပုံမှန်ဆိုဒ် packaging နဲ့တူတဲ့ ဘူးသေးသေးလေးတွေနဲ့ ပေးတာပါရှင်။
နောက်ဆုံးအနေနဲ့ကတော့ K-beauty ရဲ့ power ဟာ cosmetics မှာပဲ ရပ်မသွားပါဘူး။ Beauty device တွေပါ ထုတ်လာခဲ့ပါတယ်။ Skin problem ကြီးကြီးမားမားမရှိရင် Aesthetic clinic ထိမသွားပဲ အိမ်မှာတင် လွယ်လွယ်ကူကူ အသုံးပြုလို့ရတဲ့ စက်လေးတွေပါ ထုတ်လာတာပါ။ Beauty device ထဲက luxury brand ကတော့ DUALSONIC ဖြစ်ပြီး device တစ်ခုကို $350 ကနေ $5,000 ဝန်းကျင်အထိ ရှိပါတယ်။ သူ့ကိုတော့ luxury brand ဆိုတဲ့အတိုင်း department store တွေမှာ ဝယ်လို့ရသလို၊ Online ကနေလည်း မှာလို့ရပါတယ်။ နောက်တစ်ခု fair quality, fair price ရတဲ့ budget brand ကတော့ အခု trending ဖြစ်နေတဲ့ Medicube ပါ။ Device တစ်ခုကိုတစ်သိန်းခွဲ ဝန်းကျင်ကစလို့ ဝမ်ရှစ်သိန်းဝန်းကျင်အထိ အမျိုးမျိုးရှိပါတယ်။ Medicube လည်း online website ရှိသလို၊ flagship store တွေမှာလည်း ဝယ်ယူလို့ရပါတယ်ရှင်။
ကဲ ဒီလောက်ဆို K-beauty knowledge လည်း အတော်လေးရသွားလောက်ပြီထင်ပါတယ်။ Beauty standard အားကောင်းတဲ့နိုင်ငံမှာ ဒါလေးတွေ သိထားတာလည်း treasure ပါပဲနော်။ နောက်ထပ် treasure လေးတွေ သိချင်ရင်တော့
Instagram: @ckwassup_ (သို့) Facebook: Cherry Kyaw ကို follow လုပ်ထားရင် အမြဲ update တွေတင်ပေးသွားပါမယ်နော် <3
ကျောင်းကိစ္စနဲ့ပတ်သက်လို့ မေးမြန်းချင်တာလေးတွေရှိရင် ဒီ website ကနေပဲ တိုက်ရိုက် consultation ရယူနိုင်ပါတယ်ရှင်။
Bye!